Search

Content

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Wednesday, April 20, 2016

ဂွ မြို့ သို့ 

ယခု မိတ်ဆွေတို့ မြင်တွေ့နေရသော အပင် တစ်ပင်ကို $40000 လောက်တန်ပါတယ်
သူကိုယ် မန်းဂရို့ ဘွန်ဆိုင်း
လို့ခေါ်ပြီး ဒီရေတောမှာ ပေါက်တဲ့ ဒီရေတောပင် တစ်မျိုးပါ ဒီအပင်တွေ ဒီလောက်တန်ဖိုး ရှိပြီး ရှားပါးနေတာကို ဒေသခံတွေလည်း မသိပါဘူး စင်ကာပူက ဒီရေတောကျွမ်းကျင်ပညာရှင် တစ်ဦးဟာ ရခိုင်ပြည်နယ် ဂွမြို့နယ် အတွင်းCLEARR Project က ရှာဖွေ တွေ့ရှိတဲ့ ကမ္ဘာပေါ်မှာ အလွန်ရှားပါးပြီး အပင်အရေ အတွက် ဆယ်ဂဏန်းလောက်သာရှိ သော အပင်မျိုးစိတ် တစ်ခုကို လာရောက်လေ့လာရင်း ဒီ မန်းဂရို့ ဘွန်ဆိုင်းပင်တွေ ကိုတွေ့မြင်ပြီး အလွန်တန်ဖိုး ထိုက်တန် ကြောင်းကို ရှင်းပြခဲ့တာပါ ပညာရှင်လာရောက်လေ့လာခဲ့တဲ့ ရှားပါးအပင်မျိုးစိပ် ဟာလည်း တစ်ကမ္ဘာလုံးမှာ တွေ့ရှိထားသော အရေ အတွက်ထက်ကျော်လွန်ပြီး အပင်အရေ အတွက် ထောင် ချီအောင်တွေ့ရှိထားပါတယ် ဒီအပင်တွေကို CLEARR Project မှဦးဆောင်ပြီး သစ်ဝန်ကြီးဌာနကိုတင်ပြကာ ဒေသခံများနှင့် ပူးပေါင်း၍ ကာကွယ်တောအဖြစ် သတ်မှတ် ထိန်းသိမ်း ထားပါတယ်


ယခုမြင်တွေ့ ရသော မန်းဂရို့ ဘွန်ဆိုင်းပင်တွေရဲ့ တည်နေရာကတော့ ရခိုင်ပြည်နယ် ဂွမြို့နယ် ကမ်းသာယာ နှင့် လောင်းကျိုးကျေးရွာ အကြား ရေမြက်တောင်၏ ပင်လယ်ဘက်အခြမ်းတွင် မြောင်းကြီးဝ ဟုခေါ်သော နေရာတွင်တည်ရှိတာပါ ၄င်းနေရာတွင် ရှားပါးသော ပင်လယ်မြက်များလည်း ပေါက်ရောက်လျှက်ရှိပြီး ပင်လယ်လိပ် တို့ ကျက်စား ရာနေရာလည်း ဖြစ်ပါတယ်

0 comments:

Post a Comment