Search

Content

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
0 comments

Save the Mrauk Oo! Pray for Mrauk Oo!

Save the Bagan!
Pray for Bagan!
ဆိုပြီးတော့ ဆုတောင်းကြတယ်။ အကူအညီ တောင်းကြတယ်။



သြဂုတ်လ (၂၄)ရက်တုန်းက ငလျှင်ကြောင့် ပုဂံက ဘုရားပုထိုးတွေ ပြိုကျခဲ့လို့ ထွက်လာတဲ့ ဆုတောင်းသံတွေ အကူအညီ တောင်းတဲ့ အသံတွေ။ ပုဂံက ရှေးဟောင်း စေတီပုထိုးတွေ ပြိုပျက်ရတာဟာ ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ကော မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ပါ ဘာသာရေးအရကော ယဉ်ကျေးမူအရပါ ဆုံးရှုံး နစ်နာမူကို ခံစားရပါတယ်။ ပုဂံက ဘုရားတွေ ပြိုပျက်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးမှူ အတွက် စိတ်မကောင်းဖြစ်တဲ့သူတွေ ရင်နာတဲ့သူတွေကို အများကြီးတွေ့ရတော့ သမိုင်းအမွေအနှစ်တွေ ယဉ်ကျေးမူ အနုလက်ရာတွေကို တန်ဖိုးထားတဲ့ လူတွေ အများကြီး ရှိမှန်းသိရတယ်။ ရှေ့မူမပျက်ဆိုပြီး ပြောဆိုသံတွေ ကြားရတော့ ကျေနပ်မိတယ်။
ဒါပေမယ့် ရင်ထဲမှာ မကျေလည်နိုင်တဲ့ အတွေးတွေက တစ်ခုပြီးတစ်ခု။ မြန်မာနိုင်ငံကို ချစ်တဲ့ ယဉ်ကျေးမူ ရှေးဟောင်း အမွေအနှစ်တွေကို မြတ်နိုးတဲ့ ပျက်စီးမူတွေအတွက် ဆုတောင်းနေကြတဲ့ လူတွေရဲ့ အတွေးထဲမှာ ပုဂံဘဲ ရှိတာလား။ မြောက်ဦးကော…။ မြောက်ဦး(ရခိုင်ပြည်)ဆီက ရှေးဟောင်း ဗုဒ္ဓသာသနိက ယဉ်ကျေးမူ အဆောက်အဦးတွေ အတွက်ကော။ ပြီးခဲ့တဲ့ ငလျှင်မှာ မြောက်ဦးက ဘုရားစေတီ တစ်ချို့ပြိုပျက်ခဲ့တယ် ဆိုပေမယ့် ပုဂံကလောက် မများပါဘူး။ တကယ်တော့ ဒါက ဝမ်းသာရမလိုလိုပါဘဲ။ ဒါပေမယ့် စိတ်မကောင်းဖြစ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုစရာမှ မကျန်တော့ဘဲ။ ရှိတာတွေ ငလျှင်မတိုင်ခင်ကတည်းက ပြိုကျနေပြီးပါပြီ။ မြောက်ဦးက ဘုရားတွေဟာ ခေတ်အဆက်ဆက် ရာသီဥတုဒါဏ် မသမာတဲ့ လူသားတွေရဲ့ ဒါဏ်ကြောင့် တဖြည်းဖြည်း တစ်ခုပြီးတစ်ခု ပြိုကျပျက်စီးနေတာပါ။ ပြုပြင်ထိန်းသိမ်းမူ မရှိသလောက် ဖြစ်နေတဲ့ အပြင်ကို အခိုင်အခန့် တည်ရှိနေတဲ့ စေတီပုထိုးတွေ ယဉ်ကျေးမူ အမွေအနှစ်တွေကလည်း ပြုပြင်ထိန်းသိမ်းမူ ဆိုတဲ့ခေါင်းစဉ်အောက်မှာ လုံးပါးပါးသွားခဲ့တာလည်း မနည်းတော့ပါဘူး။ ဒါပေမယ့် မြောက်ဦး(ရခိုင်ပြည်)အတွက် ရခိုင်လူမျိုးတွေကလွဲပြီး ဘယ်သူမှ UNISCOဆိုတဲ့ စကားကိုပြောတာလည်း မတွေ့ရပါဘူး။ Save the Mrauk Oo! Pray for Mrauk Oo ဆိုတဲ့ အသံလည်း မကြားဖူးပါဘူး။ ဒါဟာ ဘာလို့ပါလဲ။ မြောက်ဦး(ရခိုင်ပြည်)က ရာစုနှစ် ထောင်စုနှစ်တွေ ခေတ်သမိုင်း အဆက်ဆက်တွေကို ဖြတ်သန်းလာတဲ့ စေတီ ဘုရားပုထိုးတွေက ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ်တွေ မဟုတ်လို့လား။ ပျက်စီးယိုယွင်းနေတာ ဖျက်စီးခံနေရတာတွေကို မသိလို့ မမြင်လို့လား။ မသိချင် မမြင်ချင်လို့ တမင် မျက်နှာလွှဲ ဥပေက္ခာပြုထားတာလား။ မြန်မာယဉ်ကျေးမူ မြန်မာရှေးဟောင်း သမိုင်းအမွေ ဆိုတဲ့ စကားက မြောက်ဦး(ရခိုင်ပြည်)က ဘုရားပုထိုးတွေ ရှေးဟောင်းအဆောက်အဦး ပစ္စည်းတွေနဲ့ မသက်ဆိုင်လို့လား။ ပြည်ထောင်စုရဲ့ အနက်အဓိပ္ပါယ်အရ ပုဂံသည် မြန်မာနိုင်ငံရဲ့ အသည်းနှလုံးဖြစ်တဲ့ အတွက် ရခိုင်တွေအတွက်လည်း အသည်းနှလုံးဘဲ ဖြစ်ပါတယ်။ မြောက်ဦးသည် ရခိုင်တွေ အတွက် အသက်ဝိဥာဏ်ဖြစ်တယ်။ ဒါပေမယ့် ပုဂံရဲ့ ပျက်စီးမူအတွက် နာကျင်သံတွေ ဆုတောင်းသံတွေ ရှိပေမယ့် မြောက်ဦးအတွက်ကတော့ ရခိုင်ပြည်သူတွေက လွဲပြီးတော့ နာကျင်ခံစားပေးမယ့်လူ မရှိ၊ ဆုတောင်းပေးမယ့်လူမရှိ။ မြန်မာနိုင်ငံရဲ့ နယ်နိမိတ် တစ်ခုထဲမှာ ရှိတာခြင်း အတူတူ။ ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ် ဖြစ်တာခြင်း အတူတူ မြောက်ဦးနဲ့ ပုဂံဟာ ခွဲခြားဆက်ဆံ ခံနေရပါတယ်။ ဘာဖြစ်လို့လဲ။
Save the Mrauk Oo!
Pray for Mrauk Oo!

Photo credit: Mrauk U Kingdom
ဤဆောင်းပါးအား
Nay Ny fbအကောင့်မှ ကူးယူဖေါ်ပြသည်။
Read more »
0 comments

မြောက်​ဦးမြို့ မြို့တည်​ပုထိုး​တော်​ကြီး၏ ညဉ့်​အလှ

၁၃၆၈ ခု ဝါကျွတ်​လပြည့်​နိ ​​မြောက်​ဦးမြို့ မြို့တည်​ပုထိုး​တော်​ကြီး၏ ညဉ့်​အလှ
Mrauk UKingdom, Buddhist Land Of Arakan(Rakhine) in Myanmar.

မူရင်း . ရခိုင့်အလှသဘာဝ

Read more »
0 comments

ဒေအပင်နဲ့အရွက်ကို မှတ်မိကတ်သီးလား

ဒေအပင်နဲ့အရွက်ကို မှတ်မိကတ်သီးလား မာန်အောင်သားတိ ...


Read more »
0 comments

ဒေစေတီ နီရာကိုကား မှတ်မိကတ်သီးရဲ့လား

ဒေစေတီ နီရာကိုကား မှတ်မိကတ်သီးရဲ့လား 


မှတ်မိတဲ့လူက သေချာရေ ယင်းနားက ရေကန်မှာ ရီကူးဖူးကတ်လီဖို့ ...

 :v

Read more »
0 comments

ပြည်ပရောက် မာန်အောင်သူ မာန်အောင်သားတိ မလွမ်းကတ်ပါလား



Read more »
0 comments

မေဃဝတီ မာန်အောင်မြို့အလှသဘာဝပုံရိပ်

မေဃဝတီ မာန်အောင်ကျွန်းသို့  အလည်သွားကြမယ်လေ....

ကွီးတို့ မြေက အလည်လာဖို့ ခေါ်ပါတယ်
ရေပေါ်ရှပ်ပြေးရေယဉ်ခေါ် မလိခ အမြန်ရေယဉ် ကတော့ တစ်ပတ်မှာ ၂ရက်နှုန်းနဲ့ ပြေးဆွဲတယ်ပါတယ်
လေယဉ်နဲ့ လည်း လာရောက်နိုင်နေပါပြီ
အမိမေဃဝတီကို အဝီးတနီရာက လွမ်းနေသော မာန်အောင်သားလေး နေမင်း




မာန်အောင်ချောင်း


ဆည်းဆာအလှ ပင်လယ်ပြင်မှာ ငါးဖမ်းထွက်မဲ့ ကိုတံငါ....


ကအီးကမ်းခြေ


စိန်းစိုလှပ မာန်အောင်မြေအလှ


နွားသိမ်းပီလေ အိမ်ကဇနီးချက်ထားရေ ညခါသားထမင်းပူပူကိုစားချင်လှပေါ့


ရေလောင်းငရုတ်စိုက်ခင်း


မြေပဲပျိုးစေ့ချ


မာန်အောင်မြို့မဈေး
ငါးဈေးတန်း

သဘာဝ ပင်လယ် ပန်းချီကားတချပ်လို။

Read more »
0 comments

(၇၇)နှစ်​​မြောက်​ ​ကျေး​ဇူး​တော်​ အရှင်​ အာရှနီဝန်း အရှင်​ရဟန်းဆရာ​တော်​ ဦးဥတ္တမ နိ အခမ်းအနားပုံရိပ်





ထိုင်းနိုင်​ငံ ​စမူပရကန်​ခရိုင်​ ​ဂေဟာမြို့နယ်
ဂေဟာ စာသင်​​ကျောင်း အတွင်း လုပ်
(၇၇)နှစ်​​မြောက်​ ​ ​ကျေး​ဇူး​တော်​ အရှင်
အာရှနီဝန်း ရှင်​ရဟန်း ဆရာ​တော်​ ဦးဥတ္တမ နိကို
အောက်​မိ တမ်းတ
လွမ်းဆွတ်​ခြင်း အထိမ်းအမှတ်​ အနီနန့်
ပြုလုပ်​​တေ ပွဲ ဖြစ်​ပါ​ယေ။
၉.၉.မဟုတ်​​ကေလည်း နားလည်​ပီးကက်​ပါ
နီရာ ​ဒေသက မတူပါ။
ဗိုလ်​ချု ပ်​ ထွန်းမင်းနိုင်​ ​ပြောခ​ယေ စကား​သျှေ
တခွန်းကို သတိရမိပါ​ယေ။
စည်​ကားရဖို့ နီရာ မဟုတ်​ပဲ စည်​ကားနီရ​ယေ
စည်​ကားရဖို့ နီရာမာ မစည်​ကားပါလတ်
လူမှန်​ နီရာမှန်​ မကျလို့ပါလတ်
ယေ​ကေလည်း ​နောက်​တချိန်​မာ
နီရာမှန်​ လူမှန်​ ကျလာဖို့​စော်​ ​အေကန်​ မလွဲပါ
အမြဲတမ်း ယုံကြည်​ရင်းးးးးး


ချစ်​သငယ်​ မာန်​​အောင်
Read more »
0 comments

ဝေဟင် အောက်က ကျွန်းမာန်အောင်







ဝေဟင် အောက်က ကျွန်းမာန်အောင်
မူရင်း - ကိုရွှေသွေး
Read more »
0 comments

မြောက်ဦးမြို့ရဲ့ မိုးထဖက်ချေ


မြောက်ဦးမြို့ရဲ့ မိုးထဖက်ချေပါ
တောတောင်သဘာဝ အငွေ့သက်တိကိုခံစားဖို့ မြို့ပြရဲ့ မွန်းကျပ်နေတဲ့
ခံစားချက်တိ စိတ်ဒဏ်ရာတိကို ဖျောက်ဖျက်ဖို့ တအောင့်ဖြိုက်ဖြိုက်
လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ ။
(မှတ်ချက် - ရောက်ပီးခါမှ မွန်းကျပ်ပူလောင်လွန်းလှတဲ့ မြို့ကို မပြန်ချင်ရာ
ဆိုကေလေ့ အပြီးနီလို့ရပါရေလို့တိုက်တွန်းလိုက်ပါရေ)
Read more »
0 comments

သာမောဖွယ် သဘာဝ လွမ်းစရာ့ သည်ဌာနီ ရသေ့တောင်မြီ



သာမောဖွယ် သဘာဝ
လွမ်းစရာ့ သည်ဌာနီ။
ရသေ့တောင်မြို့
ဖိုတို >>အင်တာနက်
Read more »
0 comments

ရခိုင်ရိုးရာ ဆီမီးခွက် အက


ရခိုင်ရိုးရာ ဆီမီးခွက် အက



 မူရင်း - ရခိုင့်အလှ သဘာဝ
Read more »
0 comments

ဓနိမိုးတဲ့ ဘဝအိမ်


စာရေးသူကိုယ်တိုင် ဒေပုံချေမြင်မိစော်နဲ့  အငယ်ချေအခါက ကိုယ့်အဘောင်ဈေးဆိုင်ခန်းကို ဓနိကူမိုးပီးစော် လားသတိရမိပါရေ


မူရင်း - ရခိုင့်အလှသဘာဝ
Read more »
0 comments

ကျိန်းတောင်ဇီဝှါဓာတ်တော်အား ဆီးမီးတစ်ထောင်၊ပန်းတစ်ထောင်ဖြင့် ပူဇော်















ကျိန်းတောင်ဇီဝှါဓာတ်တော်အား ဆီးမီးတစ်ထောင်၊ပန်းတစ်ထောင်ဖြင့် ပူဇော်
~~~~~~~~~~~~~~~~~~~
မင်းပြားမြို့ပေါ်တွင် စဉ်လာမပျက်ကျင့်ပပြုလုပ်လေ့ရှိကြသည့် ကျိန်းတောင်ဇီဝှါဓာတ်တော်အား
ဆီးမီးတစ်ထောင်၊ပန်းတစ်ထောင် နှင့်
ဆွမ်းဦးတစ်ထောင်ဖြင့် ပူဇော်ပွဲတစ်ရပ်အား ဧပြီ ၂၀ ရက်နေ့၊မနက်စောစော အချိန်တွင် မြို့သူ၊မြို့သားများက ပြုလုပ်ခဲ့ကြသည်။

ref - facebook
Read more »
0 comments

"သုဘဒ္ဒါသို့..လျှောက်တင်ခြင်း"


***ဓနခြံစည်း၊ကာရံဆီးလည်း
ခါးသီစကား၊မပြောကြားပါ.........။
***ချောင်းကိုပစ်ခွါ၊သူမြစ်ရှာလည်း
နာကျည်းဖိုလိုက်၊မပန်းဟိုက်ပါ..........။
***ရပ်ဝီးမြီခြား၊သူရှောင်လားလည်း
တားမြစ်ကန့်ကွက်၊မစိမ်းရက်ပါ.......။
***သံယောဇဉ်ကြိုး၊သူကချိုးလည်း
အငြိုးမထား၊မုန်းမပွါးပါ..........။
***ကြင်နာပန်းခင်းသူ၊ခြွီနင်းလည်း
အတင်းမဆို၊ရန်မလိုပါ.......။
***မေတ္တာစမ်းအီး၊သူခြီဆီးလည်း
အရေးမယူ၊မငြူစူပါ.............။
***ခန္တီသစ္စာ၊ဥပေက္ခာနှင့်
ဘဒ္ဒါစွယ်နှင်း၊ဆန္ဒန်မင်းသို့
ဝပ်ဆင်းအရူးပီးပါမည်။ ။
                     
မိုးပြို(မင်းပြား)
Read more »