Search

Content

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Sunday, October 16, 2016

Save the Mrauk Oo! Pray for Mrauk Oo!

Save the Bagan!
Pray for Bagan!
ဆိုပြီးတော့ ဆုတောင်းကြတယ်။ အကူအညီ တောင်းကြတယ်။



သြဂုတ်လ (၂၄)ရက်တုန်းက ငလျှင်ကြောင့် ပုဂံက ဘုရားပုထိုးတွေ ပြိုကျခဲ့လို့ ထွက်လာတဲ့ ဆုတောင်းသံတွေ အကူအညီ တောင်းတဲ့ အသံတွေ။ ပုဂံက ရှေးဟောင်း စေတီပုထိုးတွေ ပြိုပျက်ရတာဟာ ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ကော မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ပါ ဘာသာရေးအရကော ယဉ်ကျေးမူအရပါ ဆုံးရှုံး နစ်နာမူကို ခံစားရပါတယ်။ ပုဂံက ဘုရားတွေ ပြိုပျက်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးမှူ အတွက် စိတ်မကောင်းဖြစ်တဲ့သူတွေ ရင်နာတဲ့သူတွေကို အများကြီးတွေ့ရတော့ သမိုင်းအမွေအနှစ်တွေ ယဉ်ကျေးမူ အနုလက်ရာတွေကို တန်ဖိုးထားတဲ့ လူတွေ အများကြီး ရှိမှန်းသိရတယ်။ ရှေ့မူမပျက်ဆိုပြီး ပြောဆိုသံတွေ ကြားရတော့ ကျေနပ်မိတယ်။
ဒါပေမယ့် ရင်ထဲမှာ မကျေလည်နိုင်တဲ့ အတွေးတွေက တစ်ခုပြီးတစ်ခု။ မြန်မာနိုင်ငံကို ချစ်တဲ့ ယဉ်ကျေးမူ ရှေးဟောင်း အမွေအနှစ်တွေကို မြတ်နိုးတဲ့ ပျက်စီးမူတွေအတွက် ဆုတောင်းနေကြတဲ့ လူတွေရဲ့ အတွေးထဲမှာ ပုဂံဘဲ ရှိတာလား။ မြောက်ဦးကော…။ မြောက်ဦး(ရခိုင်ပြည်)ဆီက ရှေးဟောင်း ဗုဒ္ဓသာသနိက ယဉ်ကျေးမူ အဆောက်အဦးတွေ အတွက်ကော။ ပြီးခဲ့တဲ့ ငလျှင်မှာ မြောက်ဦးက ဘုရားစေတီ တစ်ချို့ပြိုပျက်ခဲ့တယ် ဆိုပေမယ့် ပုဂံကလောက် မများပါဘူး။ တကယ်တော့ ဒါက ဝမ်းသာရမလိုလိုပါဘဲ။ ဒါပေမယ့် စိတ်မကောင်းဖြစ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုစရာမှ မကျန်တော့ဘဲ။ ရှိတာတွေ ငလျှင်မတိုင်ခင်ကတည်းက ပြိုကျနေပြီးပါပြီ။ မြောက်ဦးက ဘုရားတွေဟာ ခေတ်အဆက်ဆက် ရာသီဥတုဒါဏ် မသမာတဲ့ လူသားတွေရဲ့ ဒါဏ်ကြောင့် တဖြည်းဖြည်း တစ်ခုပြီးတစ်ခု ပြိုကျပျက်စီးနေတာပါ။ ပြုပြင်ထိန်းသိမ်းမူ မရှိသလောက် ဖြစ်နေတဲ့ အပြင်ကို အခိုင်အခန့် တည်ရှိနေတဲ့ စေတီပုထိုးတွေ ယဉ်ကျေးမူ အမွေအနှစ်တွေကလည်း ပြုပြင်ထိန်းသိမ်းမူ ဆိုတဲ့ခေါင်းစဉ်အောက်မှာ လုံးပါးပါးသွားခဲ့တာလည်း မနည်းတော့ပါဘူး။ ဒါပေမယ့် မြောက်ဦး(ရခိုင်ပြည်)အတွက် ရခိုင်လူမျိုးတွေကလွဲပြီး ဘယ်သူမှ UNISCOဆိုတဲ့ စကားကိုပြောတာလည်း မတွေ့ရပါဘူး။ Save the Mrauk Oo! Pray for Mrauk Oo ဆိုတဲ့ အသံလည်း မကြားဖူးပါဘူး။ ဒါဟာ ဘာလို့ပါလဲ။ မြောက်ဦး(ရခိုင်ပြည်)က ရာစုနှစ် ထောင်စုနှစ်တွေ ခေတ်သမိုင်း အဆက်ဆက်တွေကို ဖြတ်သန်းလာတဲ့ စေတီ ဘုရားပုထိုးတွေက ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ်တွေ မဟုတ်လို့လား။ ပျက်စီးယိုယွင်းနေတာ ဖျက်စီးခံနေရတာတွေကို မသိလို့ မမြင်လို့လား။ မသိချင် မမြင်ချင်လို့ တမင် မျက်နှာလွှဲ ဥပေက္ခာပြုထားတာလား။ မြန်မာယဉ်ကျေးမူ မြန်မာရှေးဟောင်း သမိုင်းအမွေ ဆိုတဲ့ စကားက မြောက်ဦး(ရခိုင်ပြည်)က ဘုရားပုထိုးတွေ ရှေးဟောင်းအဆောက်အဦး ပစ္စည်းတွေနဲ့ မသက်ဆိုင်လို့လား။ ပြည်ထောင်စုရဲ့ အနက်အဓိပ္ပါယ်အရ ပုဂံသည် မြန်မာနိုင်ငံရဲ့ အသည်းနှလုံးဖြစ်တဲ့ အတွက် ရခိုင်တွေအတွက်လည်း အသည်းနှလုံးဘဲ ဖြစ်ပါတယ်။ မြောက်ဦးသည် ရခိုင်တွေ အတွက် အသက်ဝိဥာဏ်ဖြစ်တယ်။ ဒါပေမယ့် ပုဂံရဲ့ ပျက်စီးမူအတွက် နာကျင်သံတွေ ဆုတောင်းသံတွေ ရှိပေမယ့် မြောက်ဦးအတွက်ကတော့ ရခိုင်ပြည်သူတွေက လွဲပြီးတော့ နာကျင်ခံစားပေးမယ့်လူ မရှိ၊ ဆုတောင်းပေးမယ့်လူမရှိ။ မြန်မာနိုင်ငံရဲ့ နယ်နိမိတ် တစ်ခုထဲမှာ ရှိတာခြင်း အတူတူ။ ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ် ဖြစ်တာခြင်း အတူတူ မြောက်ဦးနဲ့ ပုဂံဟာ ခွဲခြားဆက်ဆံ ခံနေရပါတယ်။ ဘာဖြစ်လို့လဲ။
Save the Mrauk Oo!
Pray for Mrauk Oo!

Photo credit: Mrauk U Kingdom
ဤဆောင်းပါးအား
Nay Ny fbအကောင့်မှ ကူးယူဖေါ်ပြသည်။

0 comments:

Post a Comment