Search

Content

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Wednesday, April 20, 2016

၁၉၄၅ စစ်တွေ သင်္ကြန် နဲ့ ၂၀၁၆ စစ်တွေ သင်္ကြန်

 အစာတက်အိုးဖြင့်အစာတက်နေ့ ဘုရားပူဇော်သွားခြင်းလား၊ အကြိုနေ့
နံ့သာရည်အိုးဖြင့် တံခွန်၊ ကုက္ကား များစိုက်ကာ ဘုရားရေသပ်ပါယ် သွားခြင်းလားမသိပါ။
ဦးခေါင်းပေါ်ထမ်းလာသည့် အုပ်များကတော့ ယခုခေတ်သုံးနေကြသည့် အုပ်ပုံစံ မဟုတ်ဟုထင်ပါသည်။














Title:Water Festival
Photographer: Glen S Hensley
Date:1945
Subject: festival; local residentss
Note: "We were told the village was to celebrate a ""Water Festival"" in mid-spring, 1945. Villagers dressed in their best and paraded (a038) to our base to invite us to participate."
Location: "Akyab, Burma"
Original negative held: Yes






Photo title: " Smoking Charoot"
""(We were told the village was to celebrate a ""Water Festival"" in mid-spring, 1945.) Smoking ""cheroots"" :and seated on woven mats, they await further fun . ""

Photographer- Glenn S. Hensley
Date-1945
Location-"Akyab, Burma"
Original Negative Held- Yes





" ၁၉၄၅ စစ်တွေ သင်္ကြန် နဲ့ ၂၀၁၆ စစ်တွေ သင်္ကြန် "
၁၉၄၅ ဒုတိယကမ္ဘာစစ်အာရှတွင် ငြိမ်းခါစ၊
ဧပြီလ စစ်တွေမြို့ပေါ် မဟာမိတ်တပ်ဖွဲ့ပြန်ရောက်စ
သင်္ကြန်မှာ စစ်တွေမြို့သူသားတိ စစ်အပြီး ပထမဆုံးသင်္ကြန်လို့
ယူဆရဖို့သင်္ကြန်ကို အမေရိကန်တပ်ဖွဲ့ဝင်
ဓါတ်ပုံဆရာတစ်ယောက်က မှတ်တမ်းတင်ထားရေ
ပုံအချို့တိကို စိတ်ဝင် စားရေ သူတိအတွက် တင်ပီးလိုက်ပါရေ။

သင်္ကြန်ပွဲပုံတိပါလို့ ရီလောင်းပုံမပါလို့
ဟုတ်ယင့်လားဖြစ်နီကတ်တေ လူတိအတွက်
မူလဓါတ်ပုံဆရာနှင့်အဖွဲ့၏ Digital South Asia Library မှ
သူရို့၏ မှတ်တမ်းဖေါ်ပြမူ မူရင်း link ကို ထဲ့ပေးလိုက်ပါတယ်
မိတ်ဆွေများအားလုံး ဒေ DSAL ထဲက
Album library လေးခုလောက်ထဲကို တစ်ခုချင်းဝင်ပြီးကေ
Akyab လို့ဘဲရိုက်ထည့်ထည့် Burma လို့ဘဲ ရိုက်ထည့် ထည့်
search လုပ်ပြီးကေ ရှာကြည့်ကတ်ကေ ၁၉၄၅ ပါတ်ဝန်းကျင်က
သူရို့ မှတ်တမ်းပုံတိ ထွက်လာပါလိမ့်မယ်။

http://dsal.uchicago.edu/images/hensley/hensley_search.html…
စစ်တွေမြို့ သည် ဒုတိယကမ္ဘာစစ်ထဲတွင်
မဟာမိတ်တပ်များဝင်လာရာ
လမ်းကြောင်းသုံးခုတွင် အနောက်ပိုင်းလမ်းကြောင်း၏ စစ်ရေးအချက်အချာ
ကျရာမြို့တစ်ခုဖြစ်သည့်အတွက် ရခိုင်ပြည်နယ်တွင်
ရမ်းဗြဲဒေသ တို့နှင့်အတူ
စစ်ဘေးဒဏ်အခံရဆုံးမြို့နယ်တစ်ခုဖြစ်ခဲ့ပါသည်။

စစ်တွေမြို့သူသားအများစုသည် စစ်ပွဲပြင်းထန်ချိန်များတွင်
ကျောက်တော် မြောက်ဦးမြို့နယ် စစ်ဘေးကင်းရာဒေသများသို့
သွားရောက် စစ်ဘေးခိုလှုံခဲကြရသည်ဟု သိရပါသည်။

စစ်အပြီး မဟာမိတ်တပ် စစ်တွေကိုသိမ်းမိချိန်
ဧပြီလ နှင့် တိုက်ဆိုင်စွာ ကျရောက်သည့်
၁၉၄၅ ဧပြီ သင်္ကြန်နှစ်သစ်ကြိုပွဲသည် နှစ်သစ်အတွက်ရော
ကမ္ဘာစစ်မှ လွတ်မြောက်သည့်အတွက်ပါ
သူရို့တိ ရင်ထဲ မှာ ဇာပိုင်(ဘယ်လို)ရှိကြမည်နည်းဟု
သူရို့ရင်ထဲ ဝင်ရောက် ခံစားမိယင်း

[အေနှစ် သင်္ကြန်မှာလည်း စစ်တွေမြို့သူသားများ
ရိုးရာမပျက် သင်္ကြန်ဆင်နွှဲယင်း
စိတ်နှစ်လုံးအီးချမ်းကတ်ပါဇီ လို့ ဆန္ဒပြုလိုက်ပါရယ်.... သာလီစွ ပါ]

အေပရယ်လတွင် ပေါ်လာသည့်
လွှတ်တော်သစ် အစိုးရသစ်တို့ နှင့်အတူ
အေပရယ် နွေ၏ အပူအောက်တွင်
ညင်သာသော မိတ္တာရေအေးအေး
သွှန်းလောင်း ငြိမ်းအေးသွားရသလို.......
ယခုလာမည့် သင်္ကြန် တွင်လည်း၊
တိုင်းရင်းသားပြည်သူအားလုံးတို့၏
ရင်တွင်း ရင်ပြင် အပူမီးများ တဒင်္ဂ မဟုတ်တဲ့
ထာဝရ ငြိမ်းအေး ကြပါစေသားလို့
ဆုတောင်းလိုက်ပါတယ်။



၁၉၄၅ စစ်ပြီးစ အင်္ဂလိပ်လက်အောက် စစ်တွေမြို့သား တစ်ချို့၏ သင်္ကြန်ပွဲ ဆင်နွှဲမှု ကို စစ်တွေရောက် အမေရိကန်စစ်သားတစ်ယောက်၏ မှတ်တမ်းတင်ထားမှုပါ။

Photo Title: The music begins
festival; local residents
Note: "(We were told the village was to celebrate a ""Water Festival"" in mid-spring, 1945.) The music begins "

Location: "Akyab, Burma"
Photographer:Glen S Hensley
Original negative held; Yes

0 comments:

Post a Comment